ကွန်ပျူတာသမိုင်းအကျဉ်း ==============



ကွန်ပျူတာသမိုင်းအကျဉ်း
==============

ကွန်ပျူတာ တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင် သချာင်္တွက်စက်ဖြစ်ပါသည်။ တနည်းအားဖြင့်၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သချာင်္ပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချောမွေ့လွယ်ကူစေရန် ဖန်တီးယူထားသည့် စက်အမျိုးအစား တခုဖြစ်ပါသည်။ မှတ်တမ်းများ သိမ်းဆည်းခြင်း (Data Storage)၊ ပြန်လည်ခေါ်ယူခြင်း (Retrieve)၊ အစီအစဉ်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း(l/O Device)၊ စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အား လုပ်ငန်းစဉ်များအလိုက် အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။ ကွန်ပျူတာအားတီထွင်ရန် စတင်စဉ်းစားခဲ့စဉ်ထဲကပင် လုပ်ငန်းရပ်အသီးသီး၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍ တည်ဆောက်ပုံနှစ်မျိုး ရှိခဲ့ပါသည်။ (Analog Computer)သည် လျှပ်စစ်စွမ်းအားရရှိမှုပမာဏ အနည်းအများပေါ် မူတည်၍ အနီးစပ်ဆုံး ဖော်ပြပေးခြင်းဖြင့် လုပ်ဆောင်ပါသည်။ (Digital Computer)သည် လျှပ်စစ်စွမ်းအား အတိအကျ ရရှိမှုအပေါ် မူတည်၍ လုပ်ဆောင်ပါသည်။ ကွန်ပျူတာ မတိုင်မှီခေတ် ၁၆ ရာစုနှစ်နှောင်းပိုင်းမှစတင်၍ လုပ်ငန်းရပ်အသီးသီးအား လွယ်ကူချောမွေ့အဆင်ပြေစေရန် ပညာရှင်များမှ[ပေသီး](abacus)အား အခြေခံ၍ အဆင့်ဆင့် စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင်(John Napier)မှ သချာင်္ပညာရပ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအား အဆင်သင့်ကြည့်ရှုနိုင်ရန် .၅ ဒဿမ ငါးနေရာအထိ အတိအကျ တွက်ယူအဖြေထုတ်ပေးထားသော အစီအစဉ် (Logarithms)အား တီထွင်ဖန်တီးခဲ့သည်။ ၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင်ခဲ့သည်။ (Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အတွက်(Logarithms) စနစ်အားအကျဉ်းချူံး စီစဉ်ထားသောသချာင်္ပညာရပ်ပိုင်းဆိုင်ရာ အသုံးချမှုများဖြစ်ပါသည်။ ၎င်းအား ယနေ့ကာလ ခေတ်ပေါ်အီလက်ထရွန်းနစ်သချာင်္တွက်စက်(Electronic Calculator) များတွင်အသုံးပြုထားပါသည်။ ၁၆၂၃ တွင် William Schickard မှ သချာင်္တွက်စက်၏ အစဖြစ်သော(Mechanical Calculator) အား တီထွင်ခဲ့ပါသည်။ ပထမဦးဆုံး စက်ကိရိယာဖြင့် တွက်ချက်ခြင်း အစီအစဉ်အား ပြင်သစ်နိုင်ငံသားဖြစ်သူ သချာင်္နှင့် ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင် တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းကိရိယာအား အလုပ်လုပ်ဆောင်နိုင်ရန်အတွက် လက်ဖြင့်မောင်းနှင်ရသော ဂီယာ(gear)များ၊ စက်သီး (Pulley)များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ၁၆၇၂-၁၆၇၄ ခုနှစ်တွင် Gottfried Leibniz မှ ပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့ပါသည်။ ၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ ကြိုးပမ်းအားထုတ်မှုဖြင့် အလိုလျောက် လည်ပတ်နိုင်သော ယက်ကန်းစက်တမျိုးဖြစ်သည့် (Analytical Engine) ကို ရရှိခဲ့သည်။ ၎င်းစက်မှာ အပေါက်များစွာ ပါဝင်သောကဒ်ပြား (Punched-Card) များဖြင့် ထည့်သွင်းအသုံးပြု ခဲ့သည်။ ၁၈၂၀ တွင် Charles Thomas de Colmar မှ ပထမဆုံး ပြည့်စုံသော တွက်ချက်မှု အတိုင်းအတာအား တိုးမြှင့်ပေးခဲ့ပါသည်။ ၁၈၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ Charles Babbage သည် ဓါတ်ခွဲစက်(Analytical Engine) တခုပြုလုပ်ရန်အကြံရှိခဲ့၍ ၎င်းစက်တွင် မည်သည့်တွက်ချက်မှုမျိုးမဆို ပါဝင်ထည့်သွင်းထားသည်။ သို့ရာတွင် ၎င်းစက်အတွက် လိုအပ်သည့် ဖွဲ့စည်းပုံအား တည်ဆောက်နိုင်ရန်အတွက်မူ ယင်းအချိန်ကာလတွင် ပညာရှင်များအနေဖြင့် များစွာမှ အခက်အခဲ ရှိခဲ့ကြပါသည်။ Charles Babbage ၏ မူလစိတ်ကူးမှာ ယင်းစက်သည် အချက်အလက်ပေါင်းမြောက်များစွာအားလက်ခံနိုင်၊ ထည့်သွင်းနိုင်၊ အဖြေထုတ်နိုင်ရန်ဖြစ်ပါသည်။ ၂၀ ရာစုနှစ်အစောပိုင်းတွင် လေဟာမီးလုံး (Vacuum Tube) များအား အသုံးပြုခြင်းဖြင့် ကွန်ပျူတာစက်မှုပညာမှ အီလက်ထရောနစ်စနစ်သို့ ကူးပြောင်းလာခဲ့ကြ၍ ဂီယာ (Gear) နှင့် စက်သီး (Pulley) တို့အား မလိုအပ်တော့ချေ။ လျှပ်စစ်ခလုတ်များမှ တူညီသော ရလဒ်အဖြေများကို ရရှိနိုင်ပြီဖြစ်ပါသည်။ ယင်းတွင်သင်္ကေတနှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြုထားပါသည်။ အချက်အလက်နှင့် ညွှန်ကြားချက်များအား(l/O) ဖြင့် အကျဉ်းချုံးထားပါသည်။ ၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအဖွင့်၊ အပိတ် (On/Off) လုပ်ပေးခြင်းဖြင့်လုပ်ငန်းရပ်များအား ၀န်ပိုကျုံ့လာစေပါသည်။ လေဟာမီးလုံး (Vacuum Tube) များမှာ ဂီယာ (Gear) နှင့် စက်သီး(Pulley)များထက် ပိုမိုတိကျစွာ အလုပ်လုပ်ဆောင်လာနိုင်ပါသည်။ Charles Babbage စဉ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှ အပြီးသတ် ဖန်တီးနိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်း၏ စဉ်းစားမှုများ အားလုံးသည် ယနေ့ခေတ်ကာလ အသုံးချနေကြသော (Programmable Computer) အဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။ ၁၈၉၀ ခုနှစ်တွင် Herman Hollerith မှ အမေရိကန် သန်းခေါင်စာရင်း မှတ်တမ်းအတွက် ကဒ်ပြားများအား အပေါက်ဖောက်ခြင်းစနစ် (punched-Card System) အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် Alan Turing မှ ကွန်ပျူတာ၏ သချာင်္ပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ (Boolean) အက္ခရာသချာင်္စနစ်အား အသုံးပြု၍ ပထမဆုံး (Binary Caculator) အဖြစ်တည်ဆောက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ပထမဆုံး[သချာင်္] နှင့် [ရူပဗေဒ] ပညာရပ်များအား လျှပ်စစ်စွမ်းအားဖြင့် အဓိက အသုံးပြုထားပြီး စက်ပိုင်းဆိုင်ရာ တွက်ချက်မှုဖြင့် အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျူတာအား အမေရိကနိုင်ငံတွင် တီထွင်ခဲ့သည်။ ၎င်းစက်အား ပထမဆုံး လေဟာမီးလုံးတွဲများနှင့် အသုံးပြု ဖန်တီးတည်ဆောက်ထားခဲ့သည်။ ၎င်းစက်မှာ လုပ်ငန်းရပ်တခုအတွက်သာ ပုံဖော်ထားပါသည်။ သို့ရာတွင် အလွန်ရှည်လျားသော သချာင်္ပညာရပ်ပိုင်းဆိုင်ရာ ဇယားကြီးများ၏ တွက်ချက်မှုများအား တခုချင်းစီ အနီးစပ်ဆုံး တွက်ချက်နိုင်အောင် ရေးဆွဲခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာသမိုင်း
===============

မြန်မာနိုင်ငံတွင် ကွန်ပျူတာတက္ကသိုလ်မဆိုထားဘိ၊ ကွန်ပျူတာဌာနပင် မရှိသေးမီက (၁၉၇၃ ခုနှစ် မတိုင်မီက) တက္ကသိုလ်တခု၏ သင်္ချာဌာနလက်အောက်တွင် တွက်ချက်ရေးယူနစ်အဖြစ် စတင်ဖွဲ့စည်းခဲ့သည်ဟု အဆိုရှိသည်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ စက္ကူ ကဒ်ပြားများကို စက်ဖြင့် အပေါက်ဖေါက်ပြီး သုံးရသော စနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ပီစီမဟုတ်သေးသော ကွန်ပျူတာများ တစ်စတစ်စ ရောက်ရှိလာပြီး ၀န်ကြီးဌာနအချို့တွင် သုံးစွဲလာသည်။ MCC အမည်ဖြင့် ကွန်ပျူတာပညာ ဆင့်ပွါးပေးသော အစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပျူတာသင်တန်းကျောင်း လုံးဝမရှိဟု ဆိုသည်။ ရှေးဦးစွာ ရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့ မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက် (WordStar) စာရင်းဇယားဆွဲရန် (Foomtools) စသည့် ဆော့ဖ်ဝဲများ သုံးကြရသည် ဆိုပါသည်။ နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ကိုပါ သုံးစွဲလာနိုင်ကြောင်း သိရပါသည်။ WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင် ကွန်ပျူတာမြင်သိထိတွေ့ဖူးသူ အလွန်နည်းပါးပြီး WINDOW 95 ပေါ်ပေါက်လာပြီးမှ တစတစ ပြည်သူလူထုအတွင်း ကွန်ပျူတာ သုံးစွဲနိုင်သော အခြေအနေ ရောက်လာခဲ့ပါသည်။ သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်း အဖွဲ့အစည်းများလည်း ပေါ်ထွန်းလာပြီး။ ACE, KMD စသည့် အဖွဲ့အစည်းများလည်း ဆက်လက် ပေါ်ပေါက်လာကြောင်း သိရပါသည်။ ကွန်ပျူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပျူတာသမိုင်းတွင် အရေးပါသော အခန်းမှ ပါဝင်နေကာ အကျိုးပြုပံ့ပိုးကူညီနိုင်ခဲ့ပါသည်။ ဒင်းနစ်ဝင်းသိန်း၏ အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630 Macintosh ကွန်ပျူတာများ အကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏ အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် Clone PC များ ၀ယ်ယူသိမ်းဆည်း ပြသသောအလေ့၊ Multimedia classroom များ ဖွဲ့စည်းတည်ဆောက်သော ဓလေ့များ ထွန်းကားခဲ့သည် ဆိုပါသည်။ ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သော လုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကို တိုက်ရိုက်မသုံးနိုင်သေးပဲ အင်ထရာနက်သုံးကြရသည် ဆိုပါသည်။ Dial up စနစ် ကွန်ယက်ချိတ်ဆက်ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင် သုံးစွဲခွင့်မရှိသော ကန့်သတ်ပစ္စည်း ဖြစ်ခဲ့ရပြီး နောင်အခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက် အသုံးပြုမှုအထိ ကျယ်ပြန့် လာသည်ဆိုပါသည်။ ကွန်ပျူတာဝန်ဆောင်မှုအပိုင်းတွင် စာစီစာရိုက်လုပ်ငန်းမှာ စီးပွားဖြစ်အသွင် ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပျူတာဖြင့် ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်း ပိုမိုစောစီးစွာ ပေါ်ပေါက်ဖူးသည်ဆိုပါသည်။ စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း၊ ဓါတ်ပုံအခွေထုတ်ခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များဖွင့်ခြင်းတို့နှင့်အတူ ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အ ထိ ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အလျောက် ပေါ်ပေါက်လာပြီး ကွန်ယက်များ ချိတ်ဆက်ထိန်းသိမ်းပေးခြင်း ဆော့ဖ်ဝဲရေးသားရောင်းချခြင်း၊ Webpage ဒီဇိုင်းရေးဆွဲကြော်ငြာပေးခြင်း စသည့်အတတ်များလည်း တတ်ကျွမ်းလာနေပြီဖြစ်ပါသည်။ ဟက်ကာများလည်းရှိသည်ဟု ကြားသိနေရပါသည်။

ကွန်ပျူတာသမိုင်း........... ကွန်ပျူတာဆိုတာ “ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !! ပြောရမယ်ဆိုရင် သေချာတာတော့ “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တခုဖြစ်ပါတယ်။ သူ့ရဲ့စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော်လောက်တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။ အဲဒီ (Abacus) “ပေသီး”ကနေ အခြေခံပြီး လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင်သည်အထိ ဥာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ အဲဒီဂဏန်းပေါင်းစက်မှတဆင့် မှတ်ဥာဏ် (Memory) ပိုမိုကောင်းမွန် တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိ တီထွင်တိုးတက်လာခဲ့ပါတယ်။ ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း ကွန်ပျူတာဆိုတဲ့ ရှေးသမိုင်းကြောင်းတွေ ထပ်ရှိပါသေးတယ်။ ဒီအပင်ကိုဘယ်လိုစိုက်ခဲ့လဲ၊ မြေသြဇာဘယ်လိုသုံးရလဲ၊ မြေသြဇာအတွက် နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်။ အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား ပြီးတော့ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာလား စသည်ဖြင့် ပုံစံတွေနဲ့ လေ့လာမယ်ဆိုရင် ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ။ ပိုဆိုးတာက နည်းပညာ (Technology) ဆိုတာကလည်း အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန်။ ဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ်ပြန်သွားပြီး လေ့လာမယ်ဆိုရင် အကျိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ်။ မြောင်းကြီးကြီးခုန်ဖို့နောက်ကိုခြေ(၂)လှမ်း၊ (၃)လှမ်းလောက် လှမ်းလိုက်ပါ။ ပြီးတော့မှ အရှိန်နဲ့ ပြေးခုန်လိုက် ကိုယ်လိုချင်တဲ့ ဟိုဖက်အခြမ်းက Update Technology ကို မရောက်စရာအကြောင်း မရှိပါဘူး။

History
Year/Enter Computer History
Inventors/Inventions Computer History
Description of Event

1936
Konrad Zuse - Z1 Computer First freely programmable computer.

1942
John Atanasoff & Clifford Berry
ABC Computer Who was first in the computing biz is not always as easy as ABC.

1944
Howard Aiken & Grace Hopper
Harvard Mark I Computer The Harvard Mark 1 computer.

1946
John Presper Eckert & John W. Mauchly
ENIAC 1 Computer 20,000 vacuum tubes later.

1948
Frederic Williams & Tom Kilburn
Manchester Baby Computer & The Williams Tube Baby and the Williams Tube turn on the memories.

1947/48
John Bardeen, Walter Brattain & Wiliam Shockley
The Transistor No, a transistor is not a computer, but this invention greatly affected the history of computers.

1951
John Presper Eckert & John W. Mauchly
UNIVAC Computer First commercial computer & able to pick presidential winners.

1953
International Business Machines
IBM 701 EDPM Computer IBM enters into 'The History of Computers'.

1954
John Backus & IBM 
FORTRAN Computer Programming Language The first successful high level programming language.

1955
(In Use 1959)
Stanford Research Institute, Bank of America, and General Electric
ERMA and MICR The first bank industry computer - also MICR (magnetic ink character recognition) for reading checks.

1958
Jack Kilby & Robert Noyce
The Integrated Circuit Otherwise known as 'The Chip'.

1962
Steve Russell & MIT
Spacewar Computer Game The first computer game invented.

1964
Douglas Engelbart
Computer Mouse & Windows Nicknamed the mouse because the tail came out the end.

1969
ARPAnet The original Internet.

1970
Intel 1103 Computer Memory The world's first available dynamic RAM chip.

1971
Faggin, Hoff & Mazor
Intel 4004 Computer Microprocessor The first microprocessor.

1971
Alan Shugart &IBM
The "Floppy" Disk Nicknamed the "Floppy" for its flexibility.

1973
Robert Metcalfe & Xerox
The Ethernet Computer Networking Networking.

1974/75
Scelbi & Mark-8 Altair & IBM 5100 Computers The first consumer computers.

1976/77
Apple I, II & TRS-80 & Commodore Pet Computers More first consumer computers.

1978
Dan Bricklin & Bob Frankston
VisiCalc Spreadsheet Software Any product that pays for itself in two weeks is a surefire winner.

1979
Seymour Rubenstein & Rob Barnaby
WordStar Software Word Processors.

1981
IBM
The IBM PC - Home Computer From an "Acorn" grows a personal computer revolution.

1981
Microsoft
MS-DOS Computer Operating System From "Quick And Dirty" comes the operating system of the century.

1983
Apple Lisa Computer The first home computer with a GUI, graphical user interface.

1984
Apple Macintosh Computer The more affordable home computer with a GUI.

1985
Microsoft Windows Microsoft begins the friendly war with Apple.

(((ဗဟုသုတဖြစ်စေခြင်းငှာ ကူးယူဖော်ပြလိုက်ပါတယ်။ မူရင်းရေးသားသူကို credit ပေးပါတယ်။)))

Comments

Popular posts from this blog

Firewall ဆို တာ ဘာလဲ

DoS ဆိုတာဘာလဲ.?(for beginner)

XSS Script ဟက်ကင်း pdf