Hacker တစ်ယောက် သင့်ဘဝကို ဘယ်လောက်အထိ ဖျက်စီးနိုင်မလဲ🕵️‍♂️


Hacker တစ်ယောက် သင့်ဘဝကို ဘယ်လောက်အထိ ဖျက်စီးနိုင်မလဲ🕵️‍♂️

ကွန်ပျူတာနည်းပညာတွေ လေ့လာနေကြတဲ့ 
ညီလေး၊ညီမလေး၊အစ်ကို၊အစ်မတို့ စာဖတ်ဝါသနာပါလာအောင် 
Hacker အကြောင်းနဲ့ ဆွဲဆောင်လိုက်ပါတယ်။ 
ကွန်ပျူတာပြဿနာတွေအကြောင်း အရှည်ကြီးရေးတင်လိုက်ရင် 
သိပ်မဖတ်ကြဘူး။ ပြဿနာတွေ့ ပြီဆိုရင်လည်း အရင်ရှာမဖတ်ဘူး။
မေးမယ်ဆိုတာကြီးပဲ။ ဘယ်သူမှအားယားနေလို့ ကောင်းကောင်းဖြေပေးမှာ 
မဟုတ်ဘူးနော်။ စာဖတ်လေ့လာပြီး ပြဿနာတွေဖြေရှင်းတတ်အောင် 
Hacker အကြောင်း သိသလောက် ရေးသားပေးလိုက်ပါတယ်။ Hacker ဆိုမှ 
စိတ်ဝင်တစ်စား ဖတ်ချင်ကြတာကိုနော့်။Hackerအကြောင်းရေးလို့  
အခုစာရေးတဲ့သူက Hacker လား၊ ဘာလား မထင်စေချင်ဘူးနော်။ 
အွန်လိုင်းပေါ်မှာဆိုရင် ဘာမှကို မဟုတ်တဲ့သူကိုလည်း 
အထင်ကြီးတတ်ကြလွန်းလို့ ပါ။ တစ်နည်းပြောရရင် ပေါပင်တွေလုပ်ပြီး၊ 
သူများအထင်ကြီးအောင် ဟန်ရေးပြလုပ်တဲ့သူကို တကယ့်ပညာရှင်ကြီးအတိုင်း 
အထင်မှားတတ်ကြတာပါ။ ကျနော်က အမှန်တိုင်းပြောရရင် ကွန်ပျူတာနည်းပညာ
အကြောင်း နည်းနည်းပဲသိ၊ ကိုယ်သိထားတာတွေကို စာရေးတာ
အလေ့ကျင့်ဖြစ်သွားအောင် ရေးသားနေရင်းနဲ့ ပြန်လည်ဝေမျှနေရုံလေးပါ။ 
သူများကို ခိုးကြောင်ခိုးဝှက်လုပ်ရမယ့် အလုပ်တွေ ဝါသနာမပါပါဘူး။ 
(လုပ်မယ်ဆိုရင် ခိုးကြောင်ခိုးဝှက် မလုပ်ဘူး၊ဒဲ့ပဲလုပ်မယ်
ဆိုပါတော့။ အပျော်သဘော စနှောက်တာပါ။) 😜😜😜

Hacker အကြောင်းတွေ အွန်လိုင်းပေါ်မှာ 
သူများတင်ထားတာတွေရှိပါတယ်။ အခုကျနော်ကတော့ Hacker
တစ်ယောက် သင့်ဘဝကို ဘယ်လောက်အထိ ဖျက်စီးနိုင်မလဲဆိုတာကိုပဲ
ရေးတင်လိုက်ပါတယ်။ အရင်ဦးဆုံး Hacker ရဲ့ တိကျတဲ့ အဓိပ္ပာယ်ကို 
သိထားဖို့ လိုပါတယ်။ ရုပ်ရှင်ကားထဲကလို သူများကွန်ပျူတာကို 
ထိုးဖောက်တာ၊ Bank တွေကို Hack လုပ်ပြီး ပိုက်ဆံတွေ ခိုးယူတာ၊ 
နည်းပညာနဲ့ မကောင်းတဲ့ အလုပ်လုပ်တဲ့သူတွေကိုပဲ Hacker လို 
့ခေါ်တာ မဟုတ်ဘူးနော်။ သူများ Gmail ကို Recovery လုပ်ပြီး 
ယူတတ်ရုံ၊ သူများ Website ကို down သွားအောင်လုပ်တတ်ရုံ၊ 
FB ပေါ်မှာ hacker ပုံတင်တတ်ရုံ စတာတွေ လုပ်တတ်တာနဲ့ လည်း 
Hacker ခေါ်တာမဟုတ်ဘူးနော်။ Fb ပေါ်မှာ hacker ပုံ 
Profile တွေ တင်ထားပြီး သူတို့ ကိုသူတို့ Hackerလို့
ပြောနေတဲ့သူတွေကိုတွေ့ ရင်( နားနဲ့ မနာ၊ ဖဝါးနဲ့ နာပါ)
သောက်ပေါလို့ ပဲ စိတ်ထဲကနေ ပြောမိလိုက်တယ်။😝😝😂 
Hacker ပုံ profile တင်သူတိုင်းကို ပြောတာမဟုတ်ဘူးနော်။ 
Linux ဆိုတာ ဘာမှန်းမသိ၊ C++ က ဘာလုပ်တာလား မသိ၊ 
Ruby ဆိုတာ ဆေးလိပ်လား၊ ဘာလား၊ စက်နှစ်လုံးချိတ်ဖို့ 
IP ကို 192.168.1.1 နဲ့  တစ်လုံးကို 1.2 ပေးတယ်။ ဘာကြောင့် 
192 နဲ့ စပေးထားတာလဲ၊ 192 နဲ့ မဟုတ်ပဲ တစ်ခြားနံပါတ်တွေ
ပေးရင်ကော မရဘူးလားမေးရင် မသိတဲ့ Hacker လို့ ဆိုတဲ့ 
တကယ့်သောက်ပေါတွေကို ပြောတာပါ။ စတာပါ။အတည်ပြောတာပါ၊
ခ်ခ်ခ် တန်ပါတယ်ဂျာ၊ စိတ်ဆိုးသွားပြီ။ ဒါလေးပြောမိတာကို။ 😜😝😂

ကျနော်ဖတ်ဖူးတဲ့ စာအုပ်ထဲမှာတော့ Hacker ဆိုတွေက 
တီထွင်သူတွေပါတဲ့။ နည်းပညာတွေ မပေါ်ခင်တုန်းက
ဒီနည်းပညာတွေ ပေါ်လာအောင် Hacker တွေကပဲ 
စမ်းသပ်တီထွင်ခဲ့ကြလို့ အခုကျနော်တို့ ကွန်ပျူတာတွေ၊
ဖုန်းတွေနဲ့ စသည့်ဖြင့် အဆင့်မြင့်နည်းပညာတွေ သုံးလို့ ရနေတာ 
မဟုတ်လား။ အထင်ရှားဆုံးဥပမာတစ်ခုပြောရရင် မီးအလင်းရအောင် 
မီးသီးတီထွင်ခဲ့တဲ့ သောမတ်အင်ဒီဆင်လည်း Hacker ကောင်း 
တစ်ယောက်ပါ။ အကြိမ်ပေါင်း သောင်းချီမက တီထွင်စမ်းသပ် 
Hacking လုပ်နိုင်ခဲ့လို့ ကျနော်တို့ လျှပ်စစ်မီးတွေ အသုံးပြုနေကြရတာပါ။ 
အဲ့ဒီလိုပါပဲ သက်ဆိုင်ရာနယ်မှာ ပါရဂူအဆင့်ကိုတောင် ကျော်လွန်ပြီး 
ကျွမ်းကျင် တတ်မြှောက်သော တီထွင်သူပညာရှင်များကို Hacker လို့ 
ခေါ်ကြပါတယ်တဲ့။ Hacker အမျိုးစားဘယ်နှစ်မျိုးရှိ၊ White,Black Hat 
စသည်ဖြင့် Hacker အကြောင်းတွေ၊ သူတို့ ရဲ့ အပြုမှုအဆင့်တန်းတွေ၊ 
Hacker ဖြစ်ဖို့ ဘာတွေလုပ်ရမယ် စသည်ဖြင့် ဖတ်ဖူးကြမှာပါ။
အခုကျနော် ဖော်ပြပေးမှာက မကောင်းတဲ့ Hacker တွေက 
သင့်ဘဝကို ဘယ်လောက်အထိ ဖျက်စီးနိုင်မလဲဆိုတဲ့ အကြောင်းလေးပါ။ 
အပြည့်စုံဆုံးပြောရရင် မကောင်းတဲ့ Hacker တွေရဲ့ လက်ချက်နဲ့ 
သင့်ကို သေစေနိုင်တဲ့အထိ ဖျက်စီးနိုင်ပါတယ်။ သင်ယနေ့ ပိုင်ဆိုင်တဲ့ 
ကုမ္ပဏီလုပ်ငန်းတစ်ခုက မနက်ဖြန်လို အချိန်မှာတော့ Hacker ပိုင်
ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ သင့်ဘဝတစ်လျှောက်လုံး 
ဒုက္ခတွေ့ အောင် လုပ်နိုင်မယ်။ သင်ဘာလုပ်လုပ် အမြဲတမ်း 
လိုက်နှောက်ယှက်နေနိုင်မယ်။ သင့်ကိုသင် သတ်စေနိုင်တဲ့အထိ 
ဒုက္ခပေးနိုင်မယ်။ သင့်မကောင်းကျိုးမှန်သမျှ အကုန်လုပ်နိုင်မယ်။ 
မယုံမရှိဖြစ်ပြီး ပေါ့ဆနေလို့ တော့ မနေလိုက်ပါနဲ့ လို့ အကြံပြုပါရစေ။
အလွယ်ကူဆုံး သူများမကောင်းကျိုးလုပ်တဲ့နည်းတဲ့ နည်း၊ 
ပျက်စီးရာပျက်စီးကြောင်းလုပ်တဲ့နည်းတွေကို ကွန်ပျူတာTechnician သမား၊
Networking ပိုင်းမှာ လုပ်နေတဲ့သူတွေ၊ Program ရေးနေတဲ့သူတွေ 
စသူတွေ လုပ်နိုင်ပါတယ်။ ဥပမာဆိုပါစို့ ၊ Programmerတစ်ယောက်က
Windows Activate လုပ်တဲ့ Software ဆိုပြီး သင့်ကို 
စောင့်ကြည့်နေနိုင်မယ့် Code တွေ ထည့်ထားတဲ့ Software တစ်ခုကို 
သူချပေးတဲ့ Link ကနေ ဝင်ဒေါင်းလိုက်တယ်။ ဒေါင်းပြီး Install လုပ်ပြီးသွားပြီ၊ 
Windows လည်း Activate ဖြစ်သွားပြီဆိုပြီး သင်က ကျေနပ်နေရင်
ကျေနပ်နေမှာပေါ့။ Programming အကြောင်းသိတဲ့သူက EXE Editor နဲ့ 
ဖွင့်ကြည့်လိုက်ရင် ဘယ်လို Code တွေ ထည့်ထားမှန်းသိနိုင်တယ်။
မြန်မာစာမှန်အောင်ပြောင်းပေးတဲ့ ဆော့ဝဲလ်ဆိုပြီးလည်း လွယ်လွယ်နဲ့  
စက်ထဲကို မထည့်ကြပါနဲ့ လို့ ထပ်ပြောပါရစေ။ ကျနော်ကွန်ပျူတာ
စဝယ်ပြီး သိပ်မကြာသေးခင်က၊ ကွန်ပျူတာအကြောင်းဘာမှ 
သိပ်မသိတဲ့ အချိန်တုန်းကပေါ့။ Virus ဆိုတာလည်း ကြားတာကြားဖူးတာ
ဘာမှန်း မသိသေးတဲ့အချိန်က ကွန်ပျူတာမှာပါတဲ့ WebCam Camera က 
ကိုယ်က ဘာမှ မလုပ်ဘူး။ ဇာတ်ကားထိုင်ကြည့်နေတာကို 
မီးစိမ်းလေးက သူ့ အလိုအလျှောက် လင်းလာတယ်။ တစ်ခါတစ်လေ 
Cmd လည်းသူ့ အလိုလို ထဖွင့်လာတယ်။ တစ်ခါလည်း မဟုတ်၊
နှစ်ခါလည်း မဟုတ်ဆိုတော့ Windows တင်တာလည်း 
သိပ်မသိသေးတာနဲ့  ဖြစ်ချင်တာဖြစ်ဆိုပြီး Windows ပြန်တင်ပလိုက်တယ်။ 
Windows တင်ပြီးတာနဲ့ ဘာမှ ဆက်မဖြစ်တော့ဘူး။ 😃😃😃

Hacker တွေ ဘယ်လိုဒုက္ခပေးသလဲဆိုတာ ရုပ်ရှင်ကားတွေ 
တော်တော်များများ ကြည့်ဖူးကြမှာပါ။ မကြည့်ဖူးသေးဘူးဆိုရင်လည်း
လိုင်းပေါ်မှာ (I.T. Movie Pierce Brosnan) ကို ရှာပြီး ကြည့်ကြည့်ပါ။ 
IT ဝန်ထမ်းတစ်ယောက်ကို ပိုင်ရှင်က အလုပ်ထုတ်လိုက်လို့  
ပိုင်ရှင်မိသားစုကို ဒုက္ခပေးတဲ့ ဇာတ်ကားပါ။ Hacker တွေက
ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လောက်ဥာဏ်နီ၊ဥာဏ်နက်များ
သလဲဆိုတာတွေ ကြည့်ရမှာပါ။ အောက်မှာပုံတစ်ပုံထည့်ပေးထားပါတယ်။
တစ်ခြား Hacker ဇာတ်ကားကောင်းတွေလည်း ရှိပါတယ်။ 
ဇာတ်ကားအကြောင်းတွေပဲ ပြောနေလို့ 
ဇာတ်ကားကြည့်ပြီး စိတ်ကူးယဉ်ပြောနေသလားလို့ တော့ 
မထင်စေချင်ဘူးနော်။ တကယ့် Hacker တွေ၊ ကွန်ပျူတာနည်းပညာတွေမှာ 
နက်နက်နဲနဲ အဆုံးထိ ကျွမ်းကျင်တဲ့သူတွေက စိတ်ကောင်းရှိလို့ 
သူများမကောင်းကျိုး မလုပ်ချင်လို့  ငြိမ်နေတယ်လို့ ပြောပါရစေ။ 
နောက်ဆုံးအနေဖြင့် ပြောလိုတာက မိမိကွန်ပျူတာ၊ဖုန်းလုံခြုံရေးကို 
လုံခြုံရေးကို မပေါ့ဆမိပါစေနဲ့ လို့ အရေးတစ်ကြီးပြောချင်ပါတယ်။ 
အရေးကြီးတဲ့ အရာတွေကို အင်တာနက်ပေါ် မတင်တာ အကောင်းဆုံးပါ။ 
သင်ကဘယ်လောက်ပဲ လုံခြုံပါတယ်ဆိုပါစေဦး။ 
တစ်ယောက်ယောက်ကတော့ ထိုးဖောက်ထိုက်ခိုက်နိုင်စွမ်းရှိကိုရှိနေဦးမှာပါ။ 
ဥပမာ Fb ဆိုပါစို့ ။ ကျနော်တို့ က ဘယ်သူမှ မသိလောက်ဘူးဆိုပြီး Password 
ပေးထားတယ်။ တင်ချင်ရာတင်တယ်။ ဒါပေမယ့် Fb မှာ အလုပ်လုပ်နေတဲ့ 
သူတွေကော ကျနော်တို့ အကောင့်တွေကို ဝင်မကြည့်နိုင်တော့ဘူးလား။ 
Hacker တွေဆိုတာ သင်မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးထင်တဲ့ 
အရာအားလုံးကို လုပ်နိုင်စွမ်းရှိပါတယ်။ ကျနော်ကတော့ 
သူများမကောင်းကျိုး၊ပျက်စီးရာပျက်စီးကြောင်း မည်သည့် လုပ်ရပ်ကိုမျှ 
အားမပေးပါ။ မေးလာရင်လည်း ဘာမျှမသိပါ။ စိတ်လည်း မဝင်စားပါ။ 
ဒီစာကို ရေးတင်ပြီးပြီးချင်း အကောင့်လေးပါသွားရင်တော့ သင်တို့  
ကျနော့် Post တွေကို နောက်မြင်ရတော့မှာ မဟုတ်ပါဘူး။ 
ခိုးကြောင်၊ခိုးဝှက်တော့ လာမနောက်ယှက်ပါနဲ့ ။ 
လိုချင်ရင် သုံးသောင်းရရင် ရောင်းမယ်။ ရောင်းချင်နေတာ ကြာပြီ။ 😂
How Hackers Can Steal Your Life ကို သင့်လျှော်သလို
ပြင်ဆင်ဖြည့်စွက်ပြီး မြန်မာဘာသာပြန်ထားပါသည်။👨‍💻

ကွန်ပျူတာနည်းပညာများကို နေ့ စဉ်ဖတ်ရှုလို ပါက
Tech Core Computer Training Center Mandalay ကို
See First လုပ်ထားပါ။ သူငယ်ချင်းတွေလည်း လေ့လာဖတ်ရှုလို့ ရအောင်
Share လုပ်ပေးခြင်းဖြင့်ကူညီပါ။ 😃

Comments

Popular posts from this blog

Hacking secrent Revealed Book

ဟက်ကာ အဓိပ္ပာယ် ဖွင့်ဆိုချက်

Hacker အမျိုး အစားများ