Hacker အမျိုး အစားများ
Hacker အမျိုး အစားများ
===============
Hacker ဆိုတာ စနစ်တွေကိုထိုးဖောက် ဝင်ရောက်နိုင်သူ နည်းပညာတွေကို ရူးသွတ်ခုံမင်သူ စသည်ဖြင့် များစွာသောဖွင့်ဆိုချက်တွေကို သိကြပါတယ် သိသူနည်းတဲ့ အချက်တွေကိုကျနော် ပြောပြချင်ပါတယ်
Hacker ဆိုတာ ဘောင်တွေရဲ့ အပြင်ဘက်ကနေ နည်းစနစ်ကျကျ တွေခေါ်တက်ကြသူတွေပါ problemွေေ ဘာကြောင့် ဖြစ်နေတယ် ဘယ်လိုဖစ်နေတယ် ဘာက ပိုအရေးကြီး တယ်ဆိုတာ တွေကနေ မတူညွတဲ့ solution (အဖြေ) တွေကို ရှာဖွေ နိုင်ကြသူတွေပါ
Hacker ဆိုတဲ့စကားလုံးကို စတင်သုံးစွဲခင်က Malicious ဆိုတဲ့သဘောတရားဘမပါဝင်ခဲ့ပါဘူး ဆိုလိုတာကတော့ ဖျက်ဆီးတက်တဲ့ လုပ်ဆောင်မှု မပါဝင်ခဲ့ဘူးလို့ ပြောချင်တာပါ
Malicious Hacker တွေကို ယခင်က cracker တွေလို့ ခေါ်ကြပါတယ် သူတို့က လူဆိုး hacker တွေပေါ့ ဒီဘက်ခေတ်မာတော့ Cracker ဆိုတာ Reverse Engineersbတွေကို ခေါ်တာပါ
Hacker တွေကို သူတို့အရောင် တွေနဲ့ပဲ အဓိက ခွဲခါးတာပါ အဲ့လိုပြောရင် Hacker တွေက ဆေးရောင်ခြယ်ထားတဲ့ လူတွေလို့ မမြင်ပါနဲ့ ဦး 😁😁
Hacking ဆိုတဲ့ ပညာရပ်တွေ ကို အသုံးချတဲ့န်ာပယ် (hacker's attitude) ပေါ်မူတည်ပြီး Black, White,Grey ဆိုပြီးညခွဲခြားသတ်မှတ်ကြပါတယ်
White hat hacker
==========
သူတို့တွေကလည်းပဲ black hat hackef တွေလုပ်သလိုပါပဲ စနစ်တွေကို ထိုးဖောက်ဝင်ရောက်ကြတာပါပဲ ဒါပေမဲ့ white hat hacker တွေက တရဝင်ခွင့်ပြုချက် ရယူပြီးမှ အားနည်းချက်တွေကို ရှာဖွေ ထုတ်ဖော်နိုင်ဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ် အဲ့လိုလုပ်ဆောင်ပေးခြင်းကြောင့် organization တွေမှာ စနစ်တွေရဲ့ ချိယွင်းချက်တွေကို သိရှိသွားပြီး black hat hacker တွေ မဝင်ရောက်မီ အလျှင်မြန်ကြိုတင် ကာကွယ်ထားနိုင်တာကြောက့် hack ခံရပြီး ဆုံးရှူံးမှုတွေကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်
Grey hat hacker
==========
သူတို့တွေကတော့ အလယ်အလတ်လို့ပြောလို့ရပါတယ် ဟိုမရောက်ဒီယူရောက်တွေပါ သူတို့က စနစ် တစ်ခုထဲကို မိမိတို့ ဝင်ရောက်နိုင်ကြောင်း သက်သေပြကြပါတယ် ပြီးတော့ ဒါကိုပြင်ဆင်ပေးဖို့ payments တောင်းလေ့ရှိကြပါတယ် မပေးရင်လည်းဘာကိုမှ မဖျက်စီးပဲ အေးဆေးပြန်ထွက်သွားတဲ့သူတွေပါ
Black hat hacker
==========
သူတို့ကတော့ မလွယ်ဘူးဗျ စနစ်ထဲဝင်မယ် အထဲကအရေးကြီးတဲ့ အချက်တွေ ခိုးယူမယ် ဖျက်စီးတာမျိုးလုပ်ချင်လုပ်မယ် အချက်လက်တွေ ပြန်ပေးဆွဲချင်ဆွဲမယ် မျိုးစုံ လုပ်နိုင်ပါတယ်
Script kiddies တွေကတော့ ပိုတောင်မှ ဆိုးရွားသွားပါသေးတယ်ဗျ
Script kiddies ဆိုတာ အတွေ့ အကြုံရိကြတဲ့ hacker အမျိုးအစားတွေ ဖြစ်ပေမဲ့ ကိုယ်တိုင် script တွေကိုမရေးနိုင်တာကြောင့် တခြားသူရေးထားတဲ့ script တွေကို သုံးနေတဲ့ သူတွေပါ တခါတစ်ရံ သူတို့ ယူသုံးတဲ့ script ထဲမှာ ဘာတွေ ပါနေတယ် ဘယ်လောက် အတိုင်းအတာထိ ဖစ်သွားမယ် ဆိုတာ သူတို့မသိပါဘူး
ကျနော် တို့ hacker ဆိုတာကြီးကို စိတ်မဝင်စားရင်တောင်မှ ကျနော်တို့ လုံခြုံမှုဖစ်စေ. ကျနော်တို့ လုပ်ငန်းခွင် အတွင်းမှာ ဖစ်လာနိုင်မဲ့ ဆိုးကြိုးရလဒ်တွေ မဖြစ်လာဖို့ Security Researchers တစ်ယောက်လို Vulnerabilities ခေါ် အားနည်ူချက်တွေကို ရှာဖွေ ထုတ်ဖော် နိုင်ဖို့ ကြိုးစား သင့်ပါတယ်
attacker လို့ပြောရင် ကျနော်တို့တွေ ပြင်ပက hacker တွေကို ပြေးမြင်မိကြပါတယ် တကယ်တော့ ကျနော်တို့ ပတ်ဝန်းကျင်မာ ကျနော်တို့ မကျေနပ် သူ အလုပ်ထဲမာ မကျေနပ်သယတွေ အလုပိသမားတွေ စတဲ့ မိမိနဲ့ ဆက်စပ်နေတဲ့အတွင်းပိုင်း ကနေလည်းဖစ်နိုင်ပါတယ်
Comments
Post a Comment