Networking အကြောင်း
Network ကိုဧရိယာကျယ်ပြန့်မှုအလိုက် အမျိုးအစားတွေခွဲပါတယ်… အဲဒါတွေကတော့
1….. PAN ( Pico Area Network )
2….. LAN ( Local Area Network )
3….. CAN ( Campus Area Network )
4….. MAN ( Metropolitan Area Network )
5….. WAN ( Wide Area Network )
စသည်ဖြင့်ပေါ့လေ…
PANကို Piconet လို့ခေါ်ပါတယ်… Personal Area Network/Private Area Networkလို့လည်းခေါ်ကြပါတယ်… အကွာဝေးကတော့၁၀မီတာပါ…. အဓိကကတော့ Bluetoothfunction ပေါ့… သူက Network လို့ပြောလို့ရရုံပါပဲ…
LANကတော့ကျယ်ကျယ်ပြန့်ပြန့်ကိုသုံးတာပါ… အခန်းတစ်ခန်းအတွင်း၊အဆောက်အအုံတစ်ခုအတွင်းမှာ
သုံးတာပါ… အကွာအဝေးကတော့ အများဆုံး မီတာ ၁၀၀လို့ပဲသတ်မှတ်ပါတယ်… ဒီထက်ပိုလာမယ်ဆိုရင်
ကြားမှာ Access Pointတွေခံရပါမယ်…Cable Network မှာပြောတာပါ…စည်းမျဉ်းအရပြောရရင် လမ်းကိုကျော်ဆွဲတာတောင်ခွင့်မပြုပါဘူး …LAN မှာပဲတကယ်လုပ်မယ်ဆိုရင်စက်အလုံးရေသန်းချီပြီး ချိတ်နိုင်ပါတယ်…. ဒါပေမယ့် အဲဒီလိုဆိုရင်တော့ Server တွေမဖြစ်မနေပါလာရတော့မှာပါ….
CAN တော့ ၀န်းတစ်ခုအတွင်းမှာချိတ်ဆက်အသုံးပြုတာပါ… ဥပမာပေးရရင်တော့ရန်ကုန်တက္ကသိုလ်လိုနေရာမျိုးပါ…
ဒီဝန်းထဲမှာရှိတဲ့အဆောက်အအုံဘယ်လောက်များများချိတ်လို့ရပါတယ်… ပြောရရင်တော့ သူလည်း LANပါပဲ… လုပ်ပိုင်ခွင့်လေးပဲကွာသွားတာပါ… LAN ကလမ်းကျော်လို့မရဘူး… CAN က သူ့ဝန်းအတွင်းကလမ်းတွေကို
စိတ်ကြိုက်ကျော်လို့ရတယ်…MAN ကလည်းဒီသဘောလိုပါပဲ… ဒါပေမယ့်သူက Public ကိုနွယ်လာပါပြီ…
သူ့ဧရိယာက လွယ်လွယ်ပြောရရင် စည်ပင်သာယာနယ်နိမိတ်တစ်ခုအတွင်းလို့ပြောလို့ရပါတယ်… ဥပမာဗျာ…ဆိုကြပါစို့… City mart ပေါ့…သူကရန်ကုန်တိုင်းမှာဆိုရင်ပဲ မြို့နယ်တော်တော်များများမှာ
ဆိုင်ခွဲတွေနဲ့…တကယ်လို့သာ သူ့ကို Online ကနေအလုပ်လုပ်မယ်ဆိုရင် Data base
ကိုရုံးချုပ်မှာထား… ၀ယ်သူဟာ Company Website မှာဝယ်ချင်တာကိုကြည့်ပြီးပစ္စည်းလှမ်းမှာမယ်…
ရုံးချုပ်ကနေ ၀ယ်သူနဲ့အနီးဆုံးနေရာကဆိုင်ခွဲကိုလှမ်းအကြောင်းကြားပြီးပစ္စည်းကိုပို့
ခိုင်းမယ်လေ…ဒီတော့သူတို့ရုံးချုပ်နဲ့ ဆိုင်ခွဲတွေကြားမှာ Network Connectionရှိဖို့လိုအပ်လာပါတယ်…
အဲဒီလိုနေရာတွေမှာ MAN ကိုသုံးပါတယ်….WANကတော့အားလုံးသိကြပါတယ်… ကမ္ဘာ့အကြီးဆုံးကွန်ယက်ကြီးပေါ့…တကမ္ဘာလုံးကိုဆက်သွယ်ချိတ်ဆက်ပေးနေတာလေ…
ဒါကတော့အားလုံးသိပြီးသားဆိုတော့မရှင်းတော့ပါဘူး… Networking ကိုစတင်လေ့လာကြပြီဆိုရင်တော့ LAN ကိုပဲစလေ့လာကြတာပါ… ဒီတော့ LAN အကြောင်းကိုပဲ သိသလောက်လေး ရွှီး.. အဲလေ… ဆွေးနွေးကြတာပေါ့…
ကွန်ပျူတာတစ်လုံးဟာ သူ့ရဲ့လုပ်ဆောင်နိုင်မှုအတိုင်းအတာ၊ သူရပ်တည်နေတဲ့အနေအထားအရ
Network ပေါ်မှာ အခေါ်အဝေါ် အဆင့်အတန်းကွဲပြားသွားပါတယ်… Server, Workstation, Hosts တို့ပါ… ဟုတ်ပြီ… သူတို့တွေ ဘာကွာကြသလဲဒီလိုပါ… Server ဆိုတာ ထောက်ပံ့ပေးသူကိုဆိုလိုတာပါ… ဘာတွေကိုထောက်ပံ့ပေးသလဲဆိုတော့ သူ့မှာရှိတဲ့ resource data တွေကိုပါ… ဘယ်သူ့တွေကိုလဲဆိုတော့ သူ့လက်
အောက်မှာရှိနေတဲ့ client စက်တွေကိုပါ… Server ဟာ ပေးသူသက်သက်ပါ… သူကဘာမှပြန်မတောင်းပါဘူး… Server တွေဟာ ထောက်ပံ့ပေးသူတွေဖြစ်တာကြောင့် သူကိုယ်တိုင်က စွမ်းဆောင်ရည်ပြည့်ဝတဲ့ Powerful computer ဖြစ်ဖို့တော့ လိုပါတယ်… သူ့ရဲ့ LAN ဧရိယာ ကျယ်ရင်ကျယ်သလောက်ပေါ့… Server တွေပာာ သူတို့
လုပ်ပေးနိုင်တဲ့အလုပ်ပေါ်မှာမူတည်ပြီး အမျိုးအစားတွေ ကွဲပါတယ်… တစ်မျိုးချင်းဆီဟာ သက်ဆိုင်ရာ တာဝန်တစ်ခုစီကိုသာ လုပ်ဆောင်ကြတာပါ… အသုံးများတဲ့ Serverတွေကတော့
1…. File Server - File တွေကိုသိမ်းဆည်းပေးထားပါတယ်… တောင်းခံသူရှိရင် ဖြန့်ဝေပေးပါတယ်…
2…. Print Server - Network ပေါ်မှာရှိနေတဲ့ Printer တွေကို Control လုပ်ပါတယ်…Manage လုပ်ပါတယ်…
3…. Proxy Server - ပြောရရင်တော့ သူကပွဲစားပါ… ကိုယ်စားလှယ်ပေါ့… တခြားသောကွန်ပျူတာတွေရဲ့ကိုယ်စား လုပ်ငန်းတွေကိုလုပ်ဆောင်ပေးပါတယ်…
4…. Application Server - Network ပေါ်မှာအသုံးပြုမယ့် Application တွေနဲ့ပတ်သတ်ပြီး လုပ်ဆောင်ပေးတာပါ…
5…. Web Server - Web page တွေနဲ့ အခြားသော Web contant တွေကို သိမ်းပေးထားခြင်း၊ လိုရာကို ပို့ဆောင်ပေးခြင်းတွေကို လုပ်ပါတယ်… ဒီလိုလုပ်ဖို့အတွက်ကို
HTTP (Hypertext Transfer Protocol) ကိုသုံးပါတယ်…
6…. Mail Server - E-mail တွေကိုပေးပို့ပါတယ်… ပြန်လက်ခံပါတယ်….
ကျန်တာတွေကတော့ Fax Server, Remote Access Server, Telephony Server အစရှိသဖြင့်ပေါ့ဗျာ….
Workstation ဆိုတာကတော့ တောင်းခံတဲ့သူကိုပြောတာပါ… Network ပေါ်မှာချိတ်ဆက်ထားပြီး server ကနေ Resource တွေကိုတောင်းမယ်… ရလာတဲ့ data တွေကိုသုံးပြီး individual အလုပ်လုပ်နေတဲ့ ဘယ်လိုကွန်ပျူတာကိုမဆို workstation လို့သတ်မှတ်ပါတယ်… တောင်းခံသူကို workstation ဆိုတာသိရပါပြီ… ဒါဆို client ဆိုတာကရော…သူလည်းတောင်းခံတဲ့သူပါပဲ…ဒါဆို သူတို့တွေ (တောင်းခံသူ) အချင်းချင်း ဘာတွေကွာသလဲဆိုတာကိုသိဖို့ အရေးကြီးပါတယ်… ဒီလိုပါ… client ဆိုတာ networkပေါ်မှာရှိနေတဲ့request လုပ်တဲ့သူအားလုံးကိုပြောတာပါ… Network ပေါ်မှာရှိနေမှာတွေက ကွန်ပျူတာတွေချည်းမဟုတ်နိုင်ဘူးလေ… Printer တို့၊ Scaner တို့ ပါဦးမှာကိုး… ဒါတွေအားလုံးကို clientလို့ခေါ်ပါတယ်… Workstation ကတော့ ဒီလိုမဟုတ်တော့ဘူး… Network ပေါ်မှာရှိနေတဲ့တောင်းခံသူကွန်ပျူတာတွေကိုပဲ workstation လို့သတ်မှတ်ပါတယ်… ကွန်ပျူတာသီးသန့်ပေါ့လေ…ဒီတော့ကာ… ပြောရရင် Workstation တွေဟာ Client တွေပါပဲ… ဒါပေမယ့် Client တိုင်းကတော့ Workstation မဟုတ်ကြပါဘူး… Server အပါအ၀င် Network ပေါ်မှာရှိနေတဲ့ ဘယ်လို Device မျိုးကိုမဆို Host လို့ ဆိုပါတယ်…Router တို့၊ Switch တို့လည်းပါတာပေါ့…
Network Architecture မှာ အသုံးအများဆုံး နှစ်မျိုးကတော့ Peer-to-Peer network နဲ့ Client/Server network တို့ပါပဲ…. Peer-to-Peer မှာ centralization (ဗဟိုချုပ်ကိုင်မှု)မရှိပါဘူး… အားလုံးသောကွန်ပျူတာတွေဟာ
အဆင့်အတန်းညီကြပါတယ်… အချင်းချင်း အပြန်အလှန် data တွေကို ဖလှယ်နိုင်ကြပါတယ်…
ကိုယ်ကလိုအပ်နေချိန်မှာ သူများဆီက data လှမ်းတောင်းမယ်… ဒါဆို ကိုယ်က client သူက server ပေါ့… တချိန်မှာ
သူများက လိုအပ်လာလို့ကိုယ့်ဆီကပြန်တောင်းလာတဲ့အခါမှာ ကိုယ်က server သူက client ပြန်ဖြစ်သွားပါတယ်…
သီးခြား server ရှိဖို့မလိုအပ်ဘူးပေါ့…Peer-to-Peer ကို Workgroup လို့လည်းခေါ်ပါတယ်… Peer-to-Peer ဟာ
Server နဲ့စာရင် ချိတ်ဆက်ရတာ ပိုမိုလွယ်ကူပါတယ်… ကုန်ကျစရိတ်ဟာလည်း ပိုမိုသက်သာပါတယ်… သူ့ရဲ့ Network စနစ်ကိုပုံမှန် Run နေစေဖို့ သီးခြား Administrator တစ်ယောက် မလိုအပ်ပါဘူ:…. ဒါပေမယ့်
သူ့မှာလည်း အားနည်းချက်ကတော့ရှိတာပေါ့… Security ပိုင်းအားနည်းပါတယ်… ဗဟိုထိန်းချုပ်မှုမရှိတာကြောင့် ကိုယ့်မှာရှိတဲ့ Resource တွေကိုအမြဲတမ်း Shared ပေးထားရပါတယ်… ဒါမှသာ တခြားသူတွေလိုအပ်ချိန်မှာ အချိန်မရွေး အဆင်သင့် ယူသုံးလို့ရမှာကိုး… အဲဒါကြောင့်ပဲ resources တွေကို Single Password နဲ့ ထိန်းချုပ်မထားနိုင်ပါဘူး… နောက်… Data Backup ကိုလည်း ကွန်ပျူတာတစ်လုံးချင်းဆီကနေသာ သီးခြားလုပ်ပေးမှရပါတယ်… ကွန်ပျူတာ ၁၀ လုံးထက်ကျော်ပြီင်္း သုံးစွဲဖို့လည်း မသင့်တော်ပြန်ဘူး…
အဆိုးဆုံးကတော့ Resources ကိုလှမ်းယူသုံးလိုက်တိုင်း Server အနေနဲ့ရှိနေမယ့်စက်က Performance
ကျသွားတာပါပဲ… ဘာပဲပြောပြောပါ… Data လုံခြုံမှုကို သိပ်အလေးထားစရာမလိုတဲ့ ကုမ္ပဏီအသေးလေးတွေ အတွက်ကတော့ သူကအဆင်ပြေနေပါလိမ့်မယ်…Client/Server Network ကတော့ Centralized ပါ… ဗဟိုထိန်းချုပ်မှုပုံစံပေါ့ … Client တွေဟာ Resourcesလိုအပ်လာရင် Server ကိုသာ လှမ်းပြီးတောင်းခံရပါတယ်… Server ကလည်းတခြားဘာကိုမှမလုပ်ပဲ ပံ့ပိုးမှုသက်သက်ကိုပဲလုပ်ဆောင်ပါတယ်… ဗဟိုထိန်းချုပ်မှုစနစ် ဖြစ်တာကြောင့် Client တွေဟာ Data တွေကိုရှာတဲ့နေရာမှာမြန်ဆန်လွယ်ကူပါတယ်… နောက်တစ်ခုက Security တော်တော်ကောင်းပါတယ်… User တစ်ဦးချင်းစီကို ထိန်းချုပ်ထားနိုင်တာပါ… ဘယ်သူ့ကို ဘယ်အဆင့်အတန်းနဲ့ ၀င်ခွင့်ပြုမယ်ဆိုတာက အစပေါ့… အဲ…ဒီလိုတွေထိန်းချုပ်နိုင်ဖို့အတွက်က ဒီအတိုင်းတော့ဘယ်ရလိမ့်မလဲလေ… Server စက်မှာ NOS ( Network Operating System ) ကိုတင်ပေးဖို့တော့ လိုအပ်တာပေါ့လေ… Client/Server Network မှာ အဆိုးရွားဆုံးဒုက္ခပေးနိုင်တာကတော့ Server Failure ဖြစ်သွားရင် Network ကြီးတစ်ခုလုံး အသက်ကင်းသွားပါပြီ… ဘာမှကိုလုပ်လို့ရတော့မှာမဟုတ်ပါဘူး… ဗဟိုထိန်းချုပ်မှုစနစ် ဖြစ်နေတာကိုး…
နောက်တစ်ချက်က NOS ပါနေတဲ့အတွက် သာမန် User အနေနဲ့ အသုံးပြု ထိန်းချုပ်ပေးနိုင်ဖို့
မလွယ်ဘူးလေ…သူ့အတွက် သီးသန့်ကျွမ်းကျင်ဝန်ထမ်း ထားရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်တွေ ပိုလာမှာပါ… ဒါလေးတွေကလွဲရင်တော့ Server ကိုတော်တော်ကောင်းတယ်ပြောရမှာပါပဲ… Peer-to-Peer နဲ့ Client/Server ကို
အလွယ်တကူခွဲချင်ရင်တော့ NOS ပါခြင်း မပါခြင်းနဲ့ပဲ ခွဲခြားနိုင်ပါတယ်… Repeater ဟာ Signals တွေကို အားမြှင့်ပေးတာပါ… ဆိုလိုတာက Network မှာအသုံးပြုတဲ့ Copper Cable ကဲ့သို့သော ကြားခံပစ္စည်းတိုင်းဟာ Data Signals တွေကိုသယ်ယူတဲ့အခါ အများဆုံးသယ်ပို့ပေးနိုင်တဲ့ အကွာအဝေး (Weakend) ဆိုတာ ရှိပါတယ်… ဒီတော့ တချို့တလေကြီးမားကျယ်ပြန့်တဲ့ Network တွေမှာဆိုရင် Weakend ကို ကျော်လွန်နေတတ်ပါတယ်…
Network တစ်ခုလုံးဟာ မီတာ၃၀၀ လောက်ရှိနေမယ်… ဒါပေမယ့် Cable က မီတာ ၁၀၀ ပဲ အများဆုံးရတယ်… ဒါဆိုရင် Repeater ကိုသုံးမှသာ အဆင်ပြေတော့မှာပါ… နဂိုနေမှာ မီတာ ၁၀၀ ပဲရပေမယ့် Repeater ကို သုံးလိုက်တာကြောင့် နောက်ထပ် မီတာ ၁၀၀ အကွာအဝေးကို Data ထပ်ရောက်နိုင်ပါတယ်… နောက်တစ်ခုကတော့
မတူညီတဲ့ NetworkPhysical Media တွေကိုလည်း ချိတ်ဆက်ပေးနိုင်ပါသေးတယ်… ဒီ Network Group တစ်ခုတည်းပဲ… IP တူတယ်… ဒါပေမယ့် တစ်ခုက Coaxial Cable နဲ့ချိတ်ထားတယ်… တစ်ခုက UTP Cable နဲ့ချိတ်ထားတယ်… ဒီနှစ်ခုကိုပေါင်းစည်းချိတ်ဆက်ချင်ရင် Repeater ကိုသုံးပါတယ်… Repeater တွေကို Fiber Optic Cable နဲ့ဆင်တဲ့ Network မှာထက်Copper Wire နဲ့ဆင်တဲ့ Network တွေမှာ ပိုသုံးတတ်ပါတယ်…
Fiber Optic Cable ကပိုပြီးအကွာအဝေးပိုရောက်တယ်လေ… ဒါကြောင့် Repeater ကို အသုံးနည်းတာပါ…
Bridge ဆိုတာ အမှန်တကယ်တော့ Repeater ကို အဆင့်မြှင့်လိုက်တာပါပဲ… သူလည်း Repeater
လိုပဲ Data Signalတွေကို Extand လုပ်ပေးနိုင်ပါတယ်… ဒီတော့ ယေဘုယျအနေနဲ့ပြောရရင်
Repeater နဲ့ Bridge ဟာတူတယ်လို့ပြောလို့ရပါတယ်… ဒါပေမယ့် အခေါ်အဝေါ် ကွဲနေတဲ့အတွက် ကွဲလွဲချက်ရှိနေမှာတော့ အသေအချာပါပဲ… ဟုတ်ပါပြီ… ဒါဆို ဘာတွေကွဲတာလဲ… ဒီလိုပါ… Repeater ဟာ Data Signal တွေကို Extandလုပ်ပေးရုံသာ လုပ်နိုင်တာပါ… Bridge ကတော့ ဒီ့ထက်ပိုပြီး လုပ်နိုင်စွမ်း ပိုမြင့်လာပါတယ်… Bridge မှာ Node (Network ပေါ်မှာရှိနေတဲ့ စက်တစ်လုံး) တစ်ခုချင်းစီရဲ့ Physical Address တွေကို မှတ်နိုင်စွမ်း ပိုလာပါတယ်…ဥပမာပြောရရင် Network Physical Mediaတွေမတူညီကြတဲ့ Network Group တစ်ခု… Coaxial Cable သုံးထားတဲ့ဖက်ကိုNetwork A လို့သတ်မှတ်မယ်…UTP Cable သုံးထားတဲ့ဖက်ကတော့ Network B ပေါ့… သူတို့နှစ်ခုကို Bridgeသုံးပြီးချိတ်ဆက်ထားပါတယ်… ဒီNetwork Group အတွင်းမှာပဲ Node1 ကနေ Node2 ကို Data တွေ ပေးပို့ပါတယ်…Node1 ရော Node2 ဟာNetwork B ဖက်ပဲ ရှိနေကြတာပါ… ဒါပေမယ့် ဒါကိုမသိပဲ Data ဟာ မျက်စေ့လည်လမ်းမှားပြီးတော့ Node2 ကို NetworkA ဖက်မှာ သွားရှာဖို့ ကြိုးစားပါတယ်… Network B ကနေ Network A ကို ကူးမှာဖြစ်တဲ့အတွက်ကြားမှာခံနေတဲ့Bridge ကို ဖြတ်ရပါပြီ… ဒါပေမယ့် Data ဟာ Bridge ကိုဖြတ်လို့မရပါဘူး… Bridge ကဖြတ်ခွင့်မပေးတာပါ… Bridge က Data ကို ဘာကြောင့်ဖြတ်ခွင့်မပေးလဲဆိုတော့ Data ရောက်ရမယ့် Node2 ဟာ Network B ဖက်မှာပဲ ရှိနေတာကိုBridge က သိနေလို့ပါပဲ… Bridge ဟာ ဘာလို့ ဒီလိုသိနိုင်စွမ်းရှိနေလဲဆိုတာကို ရှင်းပါမယ်… Bridge ဟာ စစချင်းမှာ ဘာကိုမှမသိပါဘူး… ဒါပေမယ့် နောက်ပိုင်းမှာ Data Packet လေးတွေကို လက်ခံရတိုင်း ဘယ်လမ်းကြောင်းကနေလာသလဲဆိုတာ သူ့ထဲမှာပဲ Table တစ်ခုတည်ဆောက်ပြီး မှတ်သားထားလိုက်တာပါ… သူ့ဆီကို ရောက်လာတဲ့ Data Packet တွေ ဆီကမှ Network A မှာ Node ဘယ်လောက်ရှိတယ်… အဲဒီ Node တွေရဲ့ Address တွေက ဘာဆိုတာတွေကို ခုနပြောခဲ့တဲ့ Table မှာ မှတ်သားထားလိုက်တာပါ… Network B ကိုလည်း ဒီပုံအတိုင်းပဲ မှတ်သားပါတယ်… တကယ်လို့များ သူမှတ်ထားတဲ့
အထဲမှာ မပါဝင်တဲ့ Node အသစ်တစ်ခုကိုတွေ့ရရင်လည်း ဒီလိုပဲ ဆက်မှတ်သားပါတယ်… ဒါပေမယ့် အဲဒီလို Node အသစ်ပေါ်လာတဲ့အခါမှာတော့ သူ့ Table ထဲမှာမှတ်သားပြီးသားမရှိတဲ့အတွက် ပေးပို့လိုက်တဲ့ Data Packet ကို ပို့လွှတ်လိုက်တဲ့ Node ကလွဲပြီး ကျန် Node အားလုံးကိုပို့လွှတ်ပေးလိုက်တာပါ… အဲဒီ ပို့လွှတ်လိုက်တဲ့
Data Packet ရည်မှန်း Node ကိုရောက်တော့မှ Bridge ဟာ အဲဒီ Node ရဲ့ Address ကို ထပ်မှတ်ထားလိုက်ပါတယ်… ဒီလိုနည်းနဲ့ပဲ Bridge ဟာ Address အသစ်တွေကို ရယူပါတယ်…
ဒီတော့ Bridge ဟာ Network A ရဲ့ Data Packet ရော Network B ရဲ့ Data Packet ပါ ရရှိတာကြောင့် အဲဒီ Data
Packet လေးတွေဆီကနေ သက်ဆိုင်ရာ Network တွေမှာရှိနေတဲ့ Address တွေကို သိရှိနေတာပါ…
Data ကို သယ်ပို့တဲ့အခါ Network A က Data ဟာ Network A မှာရှိနေတဲ့ Node တစ်ခုခုဆီကို သွားတာပဲဖြစ်ဖြစ်၊
Network B က Data ဟာ Network B မှာရှိနေတဲ့ Node တစ်ခုခုဆီကို သွားတာပဲဖြစ်ဖြစ် Bridge ကို ဖြတ်သန်းရမှာမဟုတ်ပါဘူး… အဲဒီလိုမှမဟုတ်ပဲ Network A က Data ဟာ Network B မှာရှိနေတဲ့ Node တစ်ခုခုဆီကို သွားတာပဲဖြစ်ဖြစ်၊ Network B က Data ဟာ Network A မှာရှိနေတဲ့ Node တစ်ခုခုဆီကို သွားတာပဲဖြစ်ဖြစ် Bridge ကို ဖြတ်သန်းရတော့မှာပါ… Bridge ကို မဖြစ်မနေ အသုံးပြုရတော့မှာပါ…
ပြောရရင် Repeater နဲ့ Bridge မတူတာဟာ ဒီအချက်ပါပဲ… Repeater ဟာ Data ဘယ်ကိုသွားသွား အဆီးအတားမရှိ ဖြတ်သန်းခွင့်ပြုထားတာပါ… သူ့မှာ စစ်ဆေးတားဆီးနိုင်တဲ့ စွမ်းရည် မရှိပါဘူး… အဲ… နောက်တစ်ချက် ကွာတာလည်းရှိပါသေးတယ်… Bridge ဟာ Data Packet တစ်ခုချင်းဆီရဲ့ Source နဲ့ Destination Address တွေကို လိုက်စစ်ဆေးနေရတာကြောင့် Repeater နဲ့ယှဉ်ရင် အလုပ်လုပ်တာ ပိုနှေးနေပါလိမ့်မယ်… ဒါပေမယ့် ပြန်သာသွားတာက Data ဟာ ဘယ် Traffic လမ်းကြောင်းကနေသွားမယ်ဆိုတာကို စီစစ်ပြီးမှ သွားတာကြောင့် Data ပို့တဲ့နှုန်းဟာ Bridge က ပိုသာပါတယ်… နောက်ထပ် အားသာချက်တစ်ခုကတော့ Heavy Duty Service ပေးနေရတဲ့ Network တွေမှာ Bridge ခံလိုက်ခြင်းဖြင့် သေးငယ်တဲ့ Small Segment အဖြစ် ခွဲထုတ်ပေးနိုင်ခြင်းပါပဲ။
Comments
Post a Comment