Facebook account ပါသွားရင် ဘာလုပ်ရမလဲ???


Facebook account ပါသွားရင် ဘာလုပ်ရမလဲ???
*************************************************
ကျွန်တော် မပတ်သက်ချင်ဆုံးက Fb Acc တွေ hack ခံရလို့ပါဆိုတဲ့ ကိစ္စတွေ လာပြောကြတာတွေပါ 😟
လာပြောကြတာတွေကို ပြန်ဆန်းစစ်လိုက်တိုင်း password ကိုယ့်ဘာသာမေ့နေတာမျိုး၊ mail မေ့နေတာမျိုးတွေပဲ ဖြစ်နေတာများပါတယ် 😟😕😕 ဒီအကြောင်း ရေးလည်းမရေးလိုပါ။ လာမေးရင်လည်း မဖြေချင်ပါ။ 😷😷
လိုရင်းပြောရရင် hack ခံရတာမှန်ရင် မိတ်ဆွေတို့ သတိထားမိချင်မှတောင် သတိထားမိမှာပါ။ ဘာလို့လဲဆိုတော့ သူက မိတ်ဆွေတို့မသိခင် ဝင်ကြည့်ရုံလုပ်ဆောင်တာမျိုးသာ ဖြစ်မှာဖြစ်ပြီး မိတ်ဆွေပါ သုံးမရအောင် mail change, password change ပြီး သိသာအောင်လုပ်မှာမဟုတ်လို့ပါပဲ။ 
သူတပါးရဲ့ Account ကို ခိုးယူတယ်ဆိုတာ ရာဇဝတ်မှုတစ်ခုပါ။ ဘယ်လိုခေါင်းစဉ်တပ်ပြီးပဲ ယူယူ ထောင်ကျနိုင်တဲ့ ပြစ်မှု ကျူးလွန်တာပါပဲ။

လိုရင်းဆက်ပြောရအောင်။ 
မိတ်ဆွေရဲ့ Account ကို တစ်စုံတစ်ယောက်က Hack သွားတယ်ဆိုပါတော့။ သိပ်တော့ ပြဿနာမရှိဘူးဗျ။ သိသိချင်း password ပြောင်းပြီး Login Approval ခံလိုက်။ အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ Hack ခံရတာမှန်ရင် သင့် Acc ရဲ့ အချက်အလက်တွေက မပြောင်းလဲသေးဘဲ ကျန်နေမှာမို့လို့ပါပဲ။

ဒါဆို Mail တွေရော password တွေရော ပြောင်းသွားတာ ဘာကြောင့်လဲ။
၁။ hack ခံရပြီးမှ hack ယူသွားသူက တမင်ပြောင်းပစ်လိုက်တာ (ဒါက ရာနှုန်းအရမ်းနည်းတယ်ဗျ)
၂။ hack သွားတာမဟုတ်ဘဲ Impersonating (သင့်အယောင်ဆောင်ပြီး အချက်အလက်အတုနဲ့ Fb ကို rp တင်ပြီး တောင်းခံလိုက်ရတာ) အလွယ်ပြောရင် recovery ဆွဲခံလိုက်ရတာပါ။ ဒါက အများစုဖြစ်နေတဲ့ တကယ့် ပြဿနာ ဖြစ်ပါတယ်။

အဲလို recovery ဆွဲခံလိုက်ရတဲ့အခါ Gmail နဲ့ Acc ဖွင့်ထားသူတွေကတော့ ခံသာပါတယ်။ Recovery လာဆွဲတဲ့ အချက်အလက်တွေကို Gmail ထဲ ဦးစွာပို့ပေးမှာဖြစ်လို့ပါ။ gmail အဝင်တွေကို သတိထားပေးလိုက်ရုံနဲ့ ဒီကိစ္စက အဆင်ပြေသွားပါတယ်။ အဲအချိန်သတ်မထားမိလိုက်လို့ reset link ကို recover ဆွဲနေတဲ့လူက ရသွားခဲ့ရင်တောင် သင့် Gmail ကို သင့် Acc ကနေ ဖယ်ပစ်တာ သင်ဟုတ်မဟုတ်၊ password ပြောင်းလိုက်တာ သင်ဟုတ်မဟုတ်ဆိုတာမျိုးတွေ Gmail ထဲ ဝင်လာသေးတာဗျ။ အဲကနေလည်း link expire မဖြစ်ခင် ပြန်လိုက်လို့ရသေးတယ်ဗျ။ 

ဒါပေမယ့် ကျွန်တော်တို့ဆီက တကယ့်ကို $တလွဲတွေက ဘယ်လိုတွေးတယ်ထင်လဲ။ Gmail နဲ့ဖွင့်တာထက် ဖုန်းနံပါတ် နဲ့ဖွင့်တာ ပိုလုံခြုံဆိုပဲ။ အဲလူတွေပဲ recover ဆွဲခံရတိုင်း ဘာအချက်အလက်မှ မကျန်ခဲ့တာပါ။ အဲတော့မှ ငိုကြတာဆိုတာ မြင်မကောင်း ကြားမကောင်းဘူး။ 

အဆိုးဆုံးက မလိုဘဲ အင်တာနက်ပိတ်တာ မျိုး၊ Acc ကို out ထားတာမျိုးပါ။ ဖုန်းဘေကုန်မှာစိုးလို့ ဘာလို့ညာလို့ဆိုပြီး တလွဲအကြောင်းပြချက်တွေနဲ့ပေါ့။ ကိုယ် လိုင်းအောက်ပေးထားတာက recover ဆွဲသူတွေကို အခွင့်အရေး ပေးထားတာပါပဲ။ အဲဒါလေးသိထားပါ။

အဆိုးဆုံးက အကောင့်တုတွေဖောဖောသီသီသုံးကြတာပါ။ အဲဒါလည်း မှားပါတယ်။ ကိုယ့်အတွက် အရေးပါတဲ့ Account ဆိုရင် အစစ်အမှန်ကို သုံးသင့်ပါတယ်။ ပြီးတော့ id အစစ်လည်း ကြိုတင်ထားသင့်ပါတယ်။ ဒါမှသာ Fake ID တွေနဲ့ လိမ်ညာပြီး recover ဆွဲမယ့်သူတွေကို တားဆီးနိုင်မှာပါ။ သင့် ID ကို တင်ပြီးပြီးချင်း fb က ဖျက်ပစ်ပါတယ်ဆိုတဲ့စကားကို ဘယ်တော့မှမယုံပါနဲ့။ တကယ်မဖျက်ပါဘူး။ ဒါကြောင့် rv သမားတွေရဲ့ id အတုကို ကြောက်စရာမလိုတော့ဘူးပေါ့။

ခုထိလိုရင်းမရောက်သလိုဖြစ်နေလို့ ဆက်ပြောပါရစေ။
လူအများစုပြောနေကြတဲ့ Acc hack ခံရတယ်ဆိုတဲ့ recover ဆွဲခံလိုက်ရတဲ့အခါ ဘာလုပ်ကြမလဲ ပေါ့။

၁။ Gmail နဲ့ဖွင့်ထားတာဆိုရင် gmail ထဲဝင်လာတဲ့ Link ကနေ ပြန်လိုက်လို့ရပါတယ်။ အပေါ်မှာပြောပြပြီးသားပါ။ အဲဒီ link expired ဖြစ်သွားကာမှ သိတယ်ဆိုရင်ဖြစ်စေ
Mail နဲ့ ဖွင့်မထားဘဲ ဖုန်းနံပါတ် နဲ့ပဲ ဖွင့်ထားတဲ့ Acc ဆွဲခံလိုက်ရတဲ့အခါဖြစ်စေ
အောက်ပါအတိုင်း ဆက်လုပ်နိုင်ပါတယ်။

လုပ်ဆောင်ရာမှာ အခြားသူကို အကူညီတောင်းတာဆိုရင်တောင် ပါသွားတဲ့ Acc အမြဲသုံးခဲ့ဖူးတဲ့ ဖုန်း (or) computer ကနေ ပြန်လိုက်ရတာ ပိုကောင်းတာဖြစ်လို့ မိမိဖုန်း သို့မဟုတ် ကွန်ပျူတာနဲ့ လုပ်ပေးခိုင်းတာ ပိုအဆင်ပြေပါလိမ့်မယ်။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာ လုပ်ပါ။

Step 1:
Acc ပါသွားပြီး အခြားဘယ်ကမှလုပ်မရတော့ရင် အောက်ပါ link ကနေ သွားပါ။
 https://www.facebook.com/hacked

ပြီးရင်  "Your account has been Compromised" ဆိုတာကို နှိပ်ရပါမယ်။
အကယ်၍ မိတ်ဆွေက မြန်မာလို setting ပဲ ရွေးမိထားရင် မိတ်ဆွေရဲ့ browser မှာ "ကျွနုပ်အကောင့်ကို တိုက်ခိုက်ခံထားရသည်" ဆိုတဲ့ခလုတ် တွေ့မှာပါ။ နှိပ်ပေါ့။

Browser မှာ Acc ဝင်ထားဖူးရင် Acc တွေ့ရမှာမို့ ရွေးလိုက်ပါ။ ရွေးစရာမတွေ့ရင်တော့ email address, Login name , Full Name သို့မဟုတ်  ဖွင့်ထားတဲ့ ဖုန်းနံပါတ်ပေါ့။ အဲဒါတွေ ဖြည့်ထားဖို့လိုပါမယ်။ (recover ဆွဲခံလိုက်ရပြီး အားလုံးပြောင်းသွားရင် gmail တွေ phone number တွေနဲ့ရှာလို့မရနိုင်ပါ။)

အဲသည်နောက်မှာတော့ Facebook က မိတ်ဆွေရဲ့ Account ကို ရှာပေးပါလိမ့်မယ်။ Acc တစ်ခုထက်မက တွေ့ခဲ့ပါက မိမိ Acc ကိုသာ ရွေးချယ်ပါ။ (အခြားသူတွေရဲ့ Acc ကို ရယူခြင်းသည် ရာဇဝတ်မှု ဖြစ်ပါသည်)

Step 2:
ဒီအဆင့်ကတော့ Account Password ထည့်ရမယ့်အဆင့်ပါ။ Acc ပါသွားလို့ Password ပါ ချိန်းခံလိုက်ရတာ ဘယ်လိုလုပ်သိမလဲ လို့ မပြောပါနဲ့။ 😁 လက်ရှိ password ကို သိမှတော့ ဒီနေရာကို ဘယ်ရောက်လာမှာတုန်းနော။ အဲဒီအဆင့်မှာ အဓိက လုပ်ရမှာက Acc ပါမသွားခင် ကိုယ်နောက်ဆုံး သုံးခဲ့တဲ့ Password ကို ပြန်သုံးရမှာပါ။ 

Step 3:
အဲဒါတွေမှန်ကန်မယ်ဆိုရင်တော့ (IP location history နဲ့ပါ တိုက်စစ်ပါသေးတယ်) Password reset ခလုတ်ကို တွေ့ရတဲ့အဆင့် လည်း ရောက်သွားနိုင်သလို 
" reset my password button " မတွေ့ဘဲ ID တင်ခိုင်းတဲ့ အဆင့်နဲ့လည်း ကြုံရနိုင်ပါတယ်။ နာမည်အစစ်နဲ့ ပုံအစစ်တင်ထားတဲ့ Acc အစစ်ကိုသုံးတာဆိုရင်တော့ မှတ်ပုံတင်လေးကို ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်ပေါ့နော။

Step 4:
အပေါ်ဆင့်မှာ reset ခလုတ် နှိပ်လို့ရခဲ့သည့်တိုင် Primary email ပါ ပြောင်းခံလိုက်ရတာဖြစ်လို့ reset link ကို မိတ်ဆွေဆီ ပို့လာမှာမဟုတ်သေးပါဘူး။  "no longer have access to these?" ဆိုတဲ့ စာကြောင်းလေးကို နှိပ်လိုက်ပါဗျ။

Step 5:
ဒီအဆင့်က ကျွန်တော်တို့သုံးမယ့် email အသစ်ကို ဖြည့်ရမှာဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ တောင်းဆိုမှု အောင်မြင်တဲ့အခါ အဆိုပါ mail ထဲကို reset link ပေးပို့လာမှာဖြစ်တဲ့အတွက် mail အဝင်အထွက်ကိုလည်း သတိလေးတော့ထားပေါ့ဗျ။

Step 6:
၂၄နာရီအတွင်း reset link လေး ကိုယ်ဖြည့်လိုက်တဲ့ Mail အသစ်ထဲ ရောက်လာပြီဆိုရင်တော့ ကိုယ့် Acc လေး ပြန်ရပါပြီ။

မှတ်ချက်။      ။ ကျွန်တော် ဒီအကြောင်းတင်တာ Acc ဆွဲခံလိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိသူတွေအတွက် ရည်ရွယ်တင်ပေးခြင်းဖြစ်ပြီး ဒီနည်းလမ်းတွေနဲ့ အခြားသူတွေရဲ့ Acc တွေကို စမ်းသပ်ခြင်းမပြုကြဖို့ရယ် ထိုသို့ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရနိုင်တဲ့ ပြစ်မှုဖြစ်တယ်ဆိုတာ သိရှိဖို့ရယ် သူတပါး ရဲ့ privacy ကို လေးစားလိုက်နာဖို့ရယ် ဒါလေးတွေကိုတော့ သတိထားကြစေလိုပါကြောင်း.....

Comments

Popular posts from this blog

Hacker အမျိုး အစားများ

Networking အကြောင်း

(၁) IP address ဆိုတာ ဘာလဲ ?