Hacking, Hackers and Their Activities

Crd pyae sone thu ra mg mg


ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာကြာပီ ....
တကယ့်ရည်ရွယ်ချက်က အခြားအရာဆိုပေမယ့်
သည်လိုရှည်ရှည်လျားလျားကွေ့ပတ်ရှင်းပြမှ
တချို့ကအဆင်ပြေမှာဆိုတော့ ...
စာနည်းနည်းများလိမ့်မယ် .... အချိန်ရရင်ဖတ်ကျိပါ။
အဓိကက Hacking ဆိုတာဘာလဲ?
Hacker ဆိုတာ ဘယ်အရာကျွမ်းကျင်သူတွေလဲမသိသေးတဲ့လူတွေဖတ်ဖို့ :3

Okie ... အားနာနာနဲ့ပဲစလိုက်ရအောင် :3
Hacker ဆိုတာမပြောခင်မှာ
Hacking အကြောင်း လက်လှမ်းမှီသလောက်
နည်းနည်းဆွေးနွေးကြည့်တာပေါ့ ...။
သာမန်လူနားလည်လွယ်အောင် Categories တွေခွဲလိုက်မယ်။

ပထမဆုံးက Web Hacking -

သည်အပိုင်းမှာက Website တွေပါမယ် ၊
Web Application တွေပါမယ် ...
Server, Website တွေရဲ့ယိုပေါက်အားနည်းချက်ကိုရှာဖွေပီး
Exploit ပြုလုပ်တာတွေ ၊
Password cracking, bruteforcing,
Code injection, Exploiting over app vuln စသည်ဖြင့်
ပါဝင်ပါလိမ့်မယ် ...။
အကြမ်းဖျင်းပြောရရင်တော့
Web ပိုင်းနဲ့ပတ်သက်တဲ့ Hacking Methodology တွေပေါ့။
အပြည့်စုံဆုံးမဟုတ်ပေမယ့်
သည်လောက်နားလည်ထားရင်အဆင်ပြေပီမလို့
နောက်တခုကိုဆက်ကျိရအောင် ....။

Network Hacking -

သည်အပိုင်းမှာတော့ Wireless နည်းစနစ်တွေဖြစ်တဲ့
WEP, WPA2 ကနေအစ GSM Layer တွေအထိ
Hacking, Sniffing, Spoofing, packet injection နဲ့ modify ပြုလုပ်တာတွေ ၊
Company, Home Network အတွင်းမှာ
(Router, Switch, Access point)
evas dropping ပြုလုပ်တာတွေ ၊
Fake AP, Evil Twin နဲ့ အခြား Wireless Attacking Suites တွေဖြစ်တဲ့
Aircrack သုံးပီး Wireless Hacking, Cracking ပြုလုပ်တာတွေပါပါလိမ့်မယ်။
Network Hacking အကြောင်းကတော့
ဒီလောက်နားလည်ထားရင်အဆင်ပြေပါတယ်။

Software Hacking

Application တိုင်းမှာက အလုပ်လုပ်နိုင်ဖို့အတွက်
Code တွေအများကြီးနဲ့ဖွဲ့စည်းတည်ဆောက်ထားရတယ်။
အဲ့ကုဒ်တွေထဲမှမှ app ရေးသူ Developer ရဲ့
အားနည်းချက်ကြောင့်သော်လည်းကောင်း ၊
မှီခိုပီးရေးရတဲ့ Language, OS မှာပေါ်လာတတ်တဲ့
Flaw တွေကြောင့်သော်လည်းကောင်း ၊
app မှာ ယိုပေါက်တွေဖြစ်လာတတ်တယ်။
တချို့ယိုပေါက်တွေက သိပ်ပြသနာမရှိပေမယ့်
တခါတလေ Code အမှားတစ်ကြောင်းကြောင့် 
Buffer overflow ဖြစ်တာလေးကအစ
Device တစ်ခုလုံး Access ရသွားတဲ့ထိ
ထိန်းချုပ်ခံလိုက်ရတာမျိုး ၊
Cracking လုပ်ခံလိုက်ရတာမျိုးတွေပေါ့။
ဥပမာ - အရင်ကထွက်ခဲ့တဲ့
Facebook for Android မှာ
app ရဲ့အားနည်းချက်ကိုအသုံးချပီး
password ရအောင်ယူသွားတာတွေ ၊
Dropbox, iTune လို windows app တွေရဲ့
အားနည်းချက်ကတဆင့်
Device ကို Access ယူသွားတာတွေ စသည်ဖြင့်ပေါ့။
ပြန်ဆက်စပ်ရင် အပေါ်မှာပြောခဲ့တဲ့
web ပိုင်းက Cross Site Scripting လို Technique မျိုးနဲ့
Browser ကတဆင့် စက်တစ်ခုလုံးကို
access ယူပုံတွေ ဆက်စပ်လို့ရနိုင်ပါလိမ့်မယ်။
သို့သော် ဒီ Category အောက်မှာတော့
ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်
Software Hacking ကို App and OS Hacking လို့ပဲ
သတ်မှတ်ရအောင်ပါ။

နောက်ဆုံးတစ်ခုက Hardware Hacking -

ဒီအပိုင်းကတော့ သိပ်ပီးလူသိမများကြဘူး ...
ဒါမယ့် အသုံးအ၀င်ဆုံးအပိုင်းတွေထဲမှာပါပါတယ် ...။
Hardware အသုံးပြုပီး Hacking လုပ်ရတဲ့နည်းစနစ်တွေ ၊
Hacking လုပ်ဖို့အတွက်
Hardware Device တည်ဆောက်တာတွေ ၊
စက်ရုံကထုတ်လုပ်လိုက်တဲ့အတိုင်းမဟုတ်ပဲ
မိမိကိုယ်ပိုင် စိတ်ကြိုက်စွမ်းဆောင်ရည်ရအောင်
တိုးချဲ့ပြင်ဆင်တာတွေကို Hardware Hacking လို့
အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။
Credit Card အတုလုပ်တာကအစ -
WhoAmI ထဲမှာတွေ့ရတဲ့ Evil Twin Device လုပ်တာအဆုံး
သည်လိုအရာတွေကို Hardwre Hacking လို့
အလွယ်မှတ်ထားလိုက်ပါ ....။

Human Hacking Or Social Engineering အကြောင်းကိုတော့
အောက်ကျမှပေါင်းပြောမယ် ...။

ဟုတ်ပီ ... Hacking အကြောင်းပြောပီးပီဆိုတော့
ကိုယ်ရည်ရွယ်တဲ့ Topic ကိုရောက်ပီ ...
" Hacker ဆိုတာ ဘယ်လိုလူမျိုးတွေလဲ? "
Computing and Technology လောကမှာတော့
Hacker ဆိုတာ အပေါ်မှာပြောခဲ့တဲ့
Hacking Methodology တွေထဲက
တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်နေသူ လို့သတ်မှတ်ပါတယ်။
Web Hacking ပိုင်းမှာကျွမ်းရင်ကျွမ်းမယ်။
Wireless & Network အပိုင်းကျွမ်းရင်ကျွမ်းမယ်။
Software Hacking, Cracking အပိုင်းကျွမ်းရင်ကျွမ်းမယ်။
Hardware ပိုင်းဆိုင်ရာမှာ
လူတကာမတတ်မြောက်တဲ့စကေးကြမ်းကြမ်းရှိသူဖြစ်ရင်ဖြစ်မယ်။

အကုန်လုံးလည်း ကျွမ်းရင်ကျွမ်းနေမယ်ပေါ့နော် :3

Okie .... ကျနော်တို့လောကမှာတော့
သည်လိုလူတွေဟာ Hacker ပေါ့ ...။

ပြောချင်လို့ဆွဲခေါ်လာတာ ...
တကယ့်နေရာရောက်လာပီ ... :3

တချက်လောက်ပြန်စဉ်းစားကျိကြပါဗျာ ....
ကျနော်ပြောသွားတဲ့ Hacking Technique တွေထဲမှာ
Facebook Recovery လှန်တာတို့ ....
ID တင်တာ တို့ ....
Name Lock, Photolock နဲ့ Facebook Report တို့
Gmail account Hack တာ ၊
Facebook Password reset ချတာ တို့ပါသလားလို့ ??? 

ပြောရမှာ အားတော့နာတယ်ဗျာ ....
ခင်ဗျားတို့အတွေးအခေါ်တွေက
နောက်ကျနေပီဆိုတာထက်
ကို့လို့ကန့်လန့်နိုင်လွန်းနေပီ ဆိုရမလားပဲ။
နိုင်ငံတကာမှာ ဟက်ကာဆိုလိုက်တာနဲ့
သည်လိုလူတွေပြေးမြင်ကြတယ်....။
မြန်မာပြည်မှာတော့ ဟက်ကာလို့ပြောလိုက်တာနဲ့
ခုနကပြောတဲ့ Facebook, Gmail recovery report ကျွမ်းကျင်သူတွေ ၊
သူများမေလ်းကျိတတ်သူတွေ ၊
ဖေ့ဘုတ်အကောင့် Hack တတ်သူတွေ လို့
ခင်ဗျားတို့ပြေးမြင်ကြတယ် ....။

မြင်ကြပါ ... ပြသနာမရှိပါဝူး ....
ဒါမယ့် အဲ့အမြင်တွေနဲ့ ကျုပ်တို့ကိုဆက်ဆံတာတော့
အတော်စိတ်ကသိကအောက်ဖြစ်ရတယ်ဗျ။
အကိုက ဟက်ကာလားဆိုပီး
အပေါ်ကမေးခွန်းတွေလာမေးခံရတာလောက်
အသည်းပေါက်တာမရှိဝူးရယ် ...။
ကိုယ်မှမဟုတ်ဘူး ... နည်းပညာလောကမှာ
အတော်နာမည်ရှိသူတွေတိုင်းကြုံရတဲ့ပြသနာ။
ကျနော် Only mail မကြည့်တတ်ပါဘူး...။
Recovery မလုပ်တတ်ပါဘူး....။
ID တင်တဲ့လင့်ခ်လည်းမထုတ်တတ်ပါဘူး...။
(တကယ်က လင့်ခ်ထုတ်စရာမဟုတ် ၊ သွသူရှိနေပီးသား
facebook help မှာ :3 )
လာမေးတိုင်းစိတ်ကိုမနည်းထိန်းပီးပြန်ပြန်ဖြေပါတယ်။
ဒီကြားထဲ ... အာ့ဆိုအကိုက
ဖြူစင်အေးခိုင်တို့ဘာတို့လောက်မတော်ဘူးပေါ့နော် ဆိုတာကပါသေးတယ်။
APK ပါဗျာ ....။

ကိုယ်တစ်ယောက်တည်းအဲ့လိုပြောခံရတာတော့မဟုတ်ဝူး ၊
ကျန်တဲ့ ကိုယ်ရင်းနှီးတဲ့ဆရာအတော်များများလည်း
အဲ့လိုအနှိုင်းခံသတ္တ၀ါလေးတွေဖြစ်နေရှာတာပဲရယ် ...
သည်တော့ အဖော်ရှိတယ်ဆိုပီး အားတက်ရတာပါပဲလေ :3
ဒီလိုပဲဖြေသိမ့်နေရတယ် ....။

ဒီမှာမေးစရာတစ်ခုရှိမယ်ထင်တယ် ...
Account Hacking က Hacking မဟုတ်ဘူးလား ဆိုတဲ့မေးခွန်း ၊
ဟုတ် Account Hacking ဟာ
အတိုင်းအတာတစ်ခုအထိတော့ Hacking လို့သတ်မှတ်နိုင်ပါတယ်။
ဒါမယ့် Kali မှာ SEToolkit ဆိုတာတစ်ခုပါတယ်ဗျ ...။
အာ့ကဘာလဲဆိုတော့ Social Engineering Technique နဲ့
Phishing, Tricking အသုံးချ ၊ လူကိုလှည့်စားပီး
ကိုယ်လိုချင်တဲ့အရာကို ယူတာတွေ ...။
ဒီ SEToolkit ထဲမှာလည်း ( Recovery တို့ I can't login တို့တော့)
မပါပါဝူးဗျာ .... :3
တကယ်လို့ ခညားတို့ပြောပြောနေတဲ့
အဲ့ Rec တို့ ICL တို့ကို Hacking လို့သတ်မှတ်စေချင်ရင်လည်း
အနည်းဆုံး SEToolkit ထဲလောက်ထိတော့
ပါအောင် Official ထည့်နိုင်အောင်ကြိုးစားကြပေါ့ဗျာ ....။

ကျနော်တို့လောကမှာတော့ Account Hacking ဆိုရင်
Account တစ်ခုကိုဟက်ဖို့ထက်
အပေါ်မှာပြောခဲ့တဲ့ Web, Server, Application Flaw တွေကတဆင့်
User အားလုံးရဲ့အချက်အလက်ကိုရအောင်ယူနိုင်မှသာ
Hacking လို့သတ်မှတ်ပါတယ် ...
တလောက ... တချို့တွေမှတ်မိပါလိမ့်မယ် ...။
m.facebook.com ကနေ reset code ကို
Bruteforce ပွင့်နေတဲ့ flaw ...
ဒါမျိုး flaw ကိုရှာတွေ့မှသာ ၊
Facebook or Gmail ပေါ်က ဘယ်အကောင့်ကိုမဆို
ရအောင်ယူနိုင်မှသာ ....၊
ကျနော်တို့က Facebook Hacking,
Google Hacking လို့သတ်မှတ်ပါတယ်....။
Account တစ်ခုလောက်ရအောင်ယူပြရုံနဲ့
Hacking မဟုတ်ပါဘူး ....။

ဆို တော့ ကာ ....
နားလည်လောက်ပီထင်ပါတယ် .....။
သည်ကရှေ့ ကျေးဇူးပြုပီး ... (please, please)
I can't login, only me mail, id နဲ့
facebook policy တွေကိုလာမမေးကြဖို့ ...။
facebook account လာမဟက်ခိုင်းဖို့
ဘယ်လိုဟက်ရလဲလာမမေးဖို့ ...
(ခုနကလို flaw တွေ့လာလည်း
ခင်ဗျားကိုပြောပြမယ်မထင်ပါနဲ့ ...
အနည်းဆုံး ကွကိုယ် Facebook ကို
report တင်ပီး Bug Bounty ပဲယူမှာပါ :3)
အဲ့လောက်လေးတော့နားလည်မှုပေးပီး
ဆင်ခြင်ရင်အဆင်ပြေပါတယ်...။
ဒါတွေကိုနည်းပညာလို့သတ်မှတ်နေသေးရင် ...
ဟက်ကာဆိုတာ ဖေ့ဘုတ်ပေါ်လစီ
ဂျီမေးလ်ပေါ်လစီကျွမ်းကျင်သူ လို့
ခင်ဗျားစိတ်ထဲမှာရှိနေသေးရင်လည်း
ဒီအတွေးကို ခေါင်းထဲကတခါတည်းထုတ်လိုက်ပါ။
ကျနော်တွေ့ဖူးသလောက်တော့
အဲ့လိုအမေးခံရတဲ့ဆရာတိုင်း
စိတ်ပျက် စိတ်ညစ်ရတယ်ဆိုတာပါပဲ။
သူတပါးစိတ်ညစ်အောင်လုပ်တာမကောင်းပါဝူး :3

တကယ်လို့ အဲ့လို  ...
အကောင့်ဟက်ဖို့ အိုင်ဒီတင်ဖို့ ရီကာဗာရီဆွဲဖို့လိုအပ်လာရင်လည်း
အဲ့အရာတွေကိုသပ်သပ်ကျွမ်းကျင်တဲ့လူတွေရှိပါတယ်။
အဲ့လူတွေကိုဆက်သွယ်ကြပါ ....
ကျနော်တို့နဲ့လိုင်းမ​တူပါဘူး ... 

ဒါလေးပြောချင်တာပါ ....

စိတ်​​ပေါက်​​ပေါက်​နဲ့​ရေးတဲ့စာမလို့
အမှားပါရင်​ ​ဆောတီးပါ...။

Comments

Popular posts from this blog

Hacker အမျိုး အစားများ

Networking အကြောင်း

(၁) IP address ဆိုတာ ဘာလဲ ?